#အင်တာနေရှင်နယ်စတင်းဒတ်
-----------------
ကျနော် တို့ မြန်မာတွေ အလုပ်လုပ်ကြရာမှာ အင်တာနေရှင်နယ် စတင်းဒတ် ဖြစ်ဖို့ တော်တော်ကြိုးစားကြရဦးမည် ထင်ပါသည် ။
အခြားတော့ ကျနော် မသိ ။ သယ်ယူပို့ဆောင်ရေးကိစ္စ ။
မြဝတီကနေ - ရန်ကုန် ၊ ပစ္စည်းပို့ချင်လို့ ကားခ ဘယ်လောက်လဲ ။
ဘာပစ္စည်းတွေလဲ ။
ဘယ်လောက်များလဲ ။
ရန်ကုန် ဘယ်မြို့နယ်ထိ သွားမှာလဲ ။
မေးချင်တာတွေ မေးပြီး ကာမှ ၊
ပစ္စည်းကြည့်ရပါဦးမည် ။
ပစ္စည်းစာရင်း (Packing List) ကြည့်ရပါဦးမည် ၊
အခြေအနေကြည့်ယူပါသည် တဲ့ ။
ဒီလို ပုံစံတွေ နှင့် အလုပ်လုပ်နေကြသည် ။
နောက် အခြား လုပ်ငန်းရှင်များကို မေးလဲ ဒီလိုပဲ ဖြေကြသည် ။
------------
ပါတနာ နိုင်ငံခြားသားများက ဈေးမေးသည် ။
သူတို့ လိုချင်တာက ကြိုတင်သတ်မှတ်ထားချက် ရှိရမည် ။ ၂၀-ပေ ကွန်တိန်နာ တစ်လုံးဆိုလျင် ဘယ်လောက် ၊ ပေ ၄၀ တစ်လုံးဆိုလျင် ဘယ်လောက် ။
ခြွင်းချက် အနေဖြင့် ၊ ဘယ်ပစ္စည်းများ ပါလာလျင် အပိုဆောင်း ဘယ်လောက် ဆိုတာမျိုး ။
---------------
အင်းမ် ၊ ဘယ်လိုတွေ လုပ်ရပါ့ ။
ကုန်တင်ယာဉ် ဈေးနှုန်းဇယားပြုစုဖို့ ကျနော် တို့ လူမျိုးတွေ မစွမ်းဆောင်နိုင်ကြဘူးလားဗျာ ။
ဘယ်မြို့မှ ဘယ်မြို့ထိ ဘယ်ဈေး ။
တင်/ချပြုလုပ်ပေးရလျင် ဘယ်လောက် ဆိုတာမျိုး ။
စောင့်ဆိုင်းခ အနေဖြင့် တစ်နာရီ သို့ မဟုတ် တစ်ရက် ကျော်ပါက အပိုဆောင်း ဘယ်လောက် ဆိုတာမျိုး ။
ခြွင်းချက်/အထူးမှတ်ချက်အဖြစ် ဘယ်လို ပစ္စည်းများ ပါလာလျင် ၊ အပိုကြေးအဖြစ် ဘယ်လို ဆိုတာမျိုး ။
-------------
အင်းမ် ။
အင်တာနေရှင်နယ် မိသားစုများအားလုံး ၊
ကျန်းမာ ချမ်းသာကြပါစေ ။
---------
Comments
Post a Comment