Skip to main content

Own_Brand_Manufacturing

 

#Own_Brand_Manufacturing

(1)

Invitation for Own Brand Manufacturing

ကိုယ်ပိုင်ကုန်အမှတ်တံဆပ်(Own Brand) ဖြင့် -

- သွားတိုက်ဆေး

- ဆပ်ပြာ

- ခေါင်းလျှော်ရည်

- နှုတ်ခမ်းနီ

- ဆံပင်ပျော့ဆေး အစရှိသည့် အလှကုန်ပစ္စည်း အမျိုးမျိုး

ထုတ်လုပ်လိုသူများကို ဖိတ်ခေါ်ပါသည် ။

----------------

(2)

Qualified Brand Products

အင်းဝ (Inwa International Logistics :IIL) အနေဖြင့် ၊ ကိုရီးယားနိုင်ငံ စံချိန် စံညွှန်း အသိအမှတ်ပြုအသင်း (KSA: KOREAN STANDARDS ASSOCIATION ISO) နှင့် အပြည်ပြည်ဆိုင်ရာ စံချိန် စံညွှန်း အသိအမှတ်ပြုအဖွဲ့ (ISO: International Organization for Standardization) တို့က အသိအမှတ်ပြု ထားသော စက်ရုံကြီးများတွင် အရည်အသွေးမြင့် ထုတ်ကုန်များ (Qualified Brand Products) အဖြစ် တာဝန်ယူ အပ်နှံ ထုတ်လုပ်ပေးပါမည် ။

---------------------------------------

(3)

Product Specification

လူကြီးမင်းတို့ အနေဖြင့် -

- ထုတ်လုပ်မည့်ပစ္စည်းနမူနာ (Product Specification or Product Sample) သို့မဟုတ် ဖော်မြူလာ (Formula) ပေးရပါမည် ။ သို့မဟုတ် IIL က (အပ်နှံပြီး) နမူနာ ထုတ်လုပ်ထားသော ပစ္စည်းများ (Business Sample Products) ကိုလည်း စမ်းသပ်စစ်ဆေးပြီး လိုအပ်သလို ပြုပြင် အသုံးပြုနိုင်ပါသည် ။ (ဥမာ - အရောင်လေးကို နည်းနည်းလေး ရင့်ပေးပါ ။ အနံ့ကို နည်းနည်းလျှော့ပေးပါ ။ အခြောက်မြန်နေတယ် ။ ကပ်စေးစေး ဖြစ်နေတယ် ပြင်ပေးပါ စသည် ။)

-------------------

(4)

MOQ & Costing

- ပစ္စည်းထည့်မည့် အရွယ်အစား (လီတာ/ဂရမ်စသည်) ၊ ပလပ်စတစ် သို့မဟုတ် ဖန် ပုလင်း သို့မဟုတ် ကျွဘ် (Tube) သို့မဟုတ် အထုပ် (Pack) နမူနာ ၊ ဗူးခွံ ဒီဇိုင်း နှင့် ထည့်မည့် စာသားများ ရွေးချယ်ပေးရပါမည် ။ မူရင်း ဒီဇိုင်း ပေးလို့ရသလို ၊ ဒီဇိုင်းအသစ်လည်း ဖန်တီးပေးပါသည် ။

- အနည်းဆုံး မှာယူရမည့် ပမာဏ (MOQ : Minimum Order Quantity) မှာ တစ်ပေါင်းစာ (ကီလိုဂရမ်၂၀၀) ဖြစ်ပါသည် ။

- အင်းဝ (IIL) အနေဖြင့် ပစ္စည်းထုတ်လုပ်မှုတန်ဘိုး (Manufacturing Cost) တွက်ချက်ပေးပါမည် ။

-----------------------------

(5)

Firm Order

- လူကြီးမင်းတို့ ညွှန်ကြားသည့်အတိုင်း ပစ္စည်းနမူနာ ထုတ်လုပ်ပေးပါမည် ။

- ဒုတိယ အကြိမ် ၊ တတိယအကြိမ် စသည်ဖြင့် စိတ်ကြိုက် ရသည်အထိ အဆင့်ဆင့် ပြင်ဆင်/မွမ်းမံ ထုတ်လုပ်ပေးပါမည် ။

- လူကြီးမင်းတို့က ပစ္စည်းနမူနာ အရည်အသွေး ၊ ဗူး နှင့် ဗူးခွံဒီဇိုင်း ထည့်သါင်းမည့် စာသား စသည်တို့ကို အသေးစိတ် စစ်ဆေးပြီး ၊ ကြိုက်နှစ်သက်ပြီ ဆိုပါက အမှာစာ အတည်ပြုချက် (Firm Order) ပေးရပါမည် ။

- ဈေးနှုန်း ၊ အရေအတွက် ၊ ပစ္စည်းရရှိမည့်နေ့ အစရှိသည်တို့ပါဝင်ပါမည် ။

-----------------------------

(6)

Agreement & Payment

- ထို့နောက် ထုတ်လုပ်မှု လုပ်ငန်း အပ်နှံစာချုပ် (Exclusive Manufacturing Agreement) ချုပ်ဆိုပြီး စရန်ငွေ အဖြစ် စုစုပေါင်း ကျသင့်ငွေ၏ တစ်ဝက် (Advance Payment 50%) ကို ပေးချေရပါမည် ။  လက်ကျန်ငွေများကို ပစ္စည်း ထုတ်လုပ်မှု ပြီးဆုံးချိန်တွင် ပေးချေရပါမည် ။

- ပစ္စည်းထုတ်လုပ်မှု အတွက် လိုအပ်သော တရးဝင် စာရွက်စာတမ်းများ ထုတ်ပေးပါမည် ။

- ထုတ်ကုန်အချော (Finished Goods) များကို လူကြီးမင်းတို့ သိုလှောင်ရုံအရောက် လေကြောင်း သို့မဟုတ် ရေကြောင်းစသည်ဖြင့် လူကြီးမင်းတို့ ညွှန်ကြားသည့်အတိုင်း ပို့ဆောင်ပေးပါမည် ။

-------------------

ကျန်းမာ ချမ်းသာကြပါစေ ။

ဦးဦးဝိုင်း

IIL : Inwa International Logistics

+++++++++++++++++++


Comments

Popular posts from this blog

#အင်တာနေရှင်နယ်စတင်းဒတ်

  #အင်တာနေရှင်နယ်စတင်းဒတ် ----------------- ကျနော် တို့ မြန်မာတွေ အလုပ်လုပ်ကြရာမှာ အင်တာနေရှင်နယ် စတင်းဒတ် ဖြစ်ဖို့ တော်တော်ကြိုးစားကြရဦးမည် ထင်ပါသည် ။ အခြားတော့ ကျနော် မသိ ။ သယ်ယူပို့ဆောင်ရေးကိစ္စ ။ မြဝတီကနေ - ရန်ကုန် ၊ ပစ္စည်းပို့ချင်လို့ ကားခ ဘယ်လောက်လဲ ။ ဘာပစ္စည်းတွေလဲ ။ ဘယ်လောက်များလဲ ။ ရန်ကုန် ဘယ်မြို့နယ်ထိ သွားမှာလဲ ။ မေးချင်တာတွေ မေးပြီး ကာမှ ၊ ပစ္စည်းကြည့်ရပါဦးမည် ။ ပစ္စည်းစာရင်း (Packing List) ကြည့်ရပါဦးမည် ၊ အခြေအနေကြည့်ယူပါသည် တဲ့ ။ ဒီလို ပုံစံတွေ နှင့် အလုပ်လုပ်နေကြသည် ။ နောက် အခြား လုပ်ငန်းရှင်များကို မေးလဲ ဒီလိုပဲ ဖြေကြသည် ။ ------------ ပါတနာ နိုင်ငံခြားသားများက ဈေးမေးသည် ။ သူတို့ လိုချင်တာက ကြိုတင်သတ်မှတ်ထားချက် ရှိရမည် ။ ၂၀-ပေ ကွန်တိန်နာ တစ်လုံးဆိုလျင် ဘယ်လောက် ၊ ပေ ၄၀ တစ်လုံးဆိုလျင် ဘယ်လောက် ။ ခြွင်းချက် အနေဖြင့် ၊ ဘယ်ပစ္စည်းများ ပါလာလျင် အပိုဆောင်း ဘယ်လောက် ဆိုတာမျိုး ။ --------------- အင်းမ် ၊ ဘယ်လိုတွေ လုပ်ရပါ့ ။ ကုန်တင်ယာဉ် ဈေးနှုန်းဇယားပြုစုဖို့ ကျနော် တို့ လူမျိုးတွေ မစွမ်းဆောင်နိုင်ကြဘူးလားဗျာ ။ ဘယ်မြို့မှ ဘယ်မြို့...

Inwa International Logistics

 Welcome to Inwa International Logistics. We are operating the forwarding services: Korea to Myanmar. Air Cargo & Sea Cargo. #Inwa_International_Logistics #Inwa_International_Company_Limited #Inwa_Logix #Korea_to_Myanmar #Korea_Used_Clothes #Korea_Bale